Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, December 23, 2014

iPhone ကိုအသံနဲ့စေခိုင်းစေမယ်နည်းလမ်း



iPhone ကို အသံနဲ့စေခိုင်းချင်ရင် setting> General ထဲက Siri ထဲကိုဝင်ပါ ။ Siri ကို on ပါ။ Allow “Hey Siri” ကို on ပါ။



Siri အသုံးပြုရန် ဖုန်းအင်တာနက်ကိုဖွင့်ထားရန်လိုပါတယ်။ အခုပြောခဲ့တဲ့အချက်တွေကိုအကုန်လုပ်ထားပြီးပြီဆိုရင်တော့ ဖုန်းကို “Hey Siri” ဆိုပြီး စကားလှမ်းပြောလိုက်ပါ။ Siri ကပွင့်လာပြီး ဘာကူညီရမလဲမေးပါလိမ့်မယ်။


အဲဒီကျရင် ကိုယ်လုပ်ချင်တဲ့ action တစ်ခုခုကို အင်္ဂလိပ်လို ပြောလိုက်ရုံပါပဲ။ ဥပမာ – “open facebook” လို့ပြောလိုက်ရင် ဖုန်းထဲမှာရှိတဲ့ facebook application ကိုဖွင့်ပေးပါလိမ့်မယ်။ ဖုန်းကို alarm ပေးချင်ရင်လည်း “please wake me up 7:00 am ” လို့ပြောလိုက်ရင် သူ့ဘာသာသူ alarm ပေးပြီးဖြစ်ပါလိမ့်မယ်။ တခြားခိုင်းလို့ရတာတွေအများကြီး ရှိပါသေးတယ်။ ကိုယ်သိချင်တာတွေကိုလည်းမေးလို့ရပါတယ်။ lockscreen ပိတ်ထားတဲ့အချိန်မှာတောင် “Hey Siri” လို့ခေါ်လိုက်ရင်ပွင့်ပါတယ်။ “Hey Siri”လို့ခေါ်ပြီး Siri ကိုဖွင့်ချင်တယ်ဆိုရင်တော့ ဖုန်းကို USB ကြိုးနဲ့တပ်ထားတဲ့အချိန်မှရပါလိမ့်မယ်။ iOS 8 နောက်ပိုင်းကစပြီး ဖုန်းကိုအသံနဲ့ခိုင်းရတာ ပိုအဆင်ပြေလာပါတယ်။ ကဲ… ကိုယ်တိုင်ပဲစမ်းသပ်ကြည့်လိုက်ကြပါဦး။
အားလုံးပဲအဆင်ပြေကြပါစေ။
သက်နိုင်စိုး (Myanmar Mobile App Store)
 ဘော်ဒါတို့ နည်းပညာများ, Software and Application များကို အဆင်ပြေစွာဖြင့်ယူသွားခဲ့ပြီးနောက် 
ကျေးဇူးပြု၍ ကြော်ငြာကလစ်ရန်မမေ့ပါနဲ့။ ထိုကြောင့်အောက်က ကြော်ငြာတစ်ခုကလစ်ပေးခြင်းဖြင့်ကူညီ
ပေးခဲ့ပါ။
After you got Technology, Software and Application at my website,Please,you don't forget to click my Ads.





  Download Here

No comments :

Related Posts Plugin for WordPress, Blogger...